သတင်းများ

ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၅ လုံးအမိုးလန်ခြင်းနှင့် သစ်ပင်သစ်ကိုင်များ လဲကျမှုဖြစ်ပွား
Aug 11,2020
သထုံခရိုင် ပေါင်မြို့နယ်တွင် မိုးအဆက်မပျက်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဩဂုတ် ၁၀ ရက် ည ၁၀ နာရီခွဲခန့်က မြို့ပေါ် ရပ်ကွက်နှစ်ခုရှိ နေအိမ်နှင့် ဌာနဆိုင်ရာအဆောက်အဦအမိုးလန်ခြင်း၊ သစ်ပင်လဲကျခြင်းများ၊ ဓါတ်မီးတိုင်ကျိုးကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်များသို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်များသို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဇလွန်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာနှစ်ရွာအား ရန်ပုံငွေ ထုတ်ချေးပေး
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာနှစ်ရွာအား ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၁ နာရီတွင် ဂျမ်းတိုက်ကျေးရွာနှင့် ညောင်ပင်လေးကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့တွင် (၆)လမှ (၅)နှစ်အရွယ်ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ.လ.က ချမ်းမြသာမြေတွင် အဟာရရက်သတ္တပတ် အဖြစ် (၆)လမှ (၅)နှစ်အရွယ် ကလေးငယ် များအား ဗီတာမင်အေ နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သက်သက်အေး ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စုပေါင်းဆောင်ရွက်လျက်ရှိသည်။
မြောင်းမြမြို့ လူထုအခြေပြုဗဟိုဌာနတွင် ‘‘လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက လူငယ်များအသင်း (Youth Club) အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ယခင်နှစ်ထက် တိုးတက်
Aug 11,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သောတက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေဆိုအောင်မြင်သူစာရင်းများကို ပညာရေးဝန်ကြီးဌာနမှ ဩဂုတ်လ(၉) ရက်နေ့ (၀၀;၃၀)နာရီက Online မှ ကြေညာခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊တုံဟဲကားလမ်း‌ဘေးချောက်ထဲ၌ ချောင်းရေ တိုက်စားရာမှ ရှေးဟောင်းအုတ်နီခဲများ အလျားပေ ၂၀ ခန့်ပေါ်ထွက်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ရွာဟောင်းနှင့်‌ ကျောက်စက်ကြား၊ တုံဟဲ ကားလမ်း ဘေး‌ချောက် တနေရာတွင် ချောင်းရေတိုက်စားရာမှ ရှေးဟောင်းအုတ်နီခဲဟုယူဆရသည်များ အလျားပေ ၂၀ ခန့် ပေါ်ထွက်လျက်ရှိကြောင်း သိရသည်။