ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ယခင်နှစ်ထက် တိုးတက်

ဆွမ်ပရာဘွမ်     သြဂုတ်    ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သောတက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေဆိုအောင်မြင်သူစာရင်းများကို ပညာရေးဝန်ကြီးဌာနမှ ဩဂုတ်လ(၉) ရက်နေ့ (၀၀;၃၀)နာရီက Online မှ ကြေညာခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူကျား (၂၆) ဦး၊ မ(၄၄)ဦး၊ စုစုပေါင်း (၇၀) ဦး ဖြေဆိုခဲ့ရာ ကျား (၆) ဦး၊ မ (၈) ဦး စုစုပေါင်း (၁၄) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သူများတွင် ကျောင်းတွင်းဖြေဆိုသူများမှ (၂) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၂) ဦး စုစုပေါင်း (၃) ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း (၂၀%)အောင်မြင်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ စုစုပေါင်း (၆၀) ဦးရှိပြီး အောင်မြင်သူ (၆) ဦးဖြစ်ကြောင်း (၁)ဘာသာဂုဏ်ထူးရှင် (၁) ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း (၁၁.၆၇%) အောင်မြင်ခဲ့သဖြင့် ယခုနှစ်အောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း ထံမှ သိရှိရသည်။

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)