ကျောက်ပန်းတောင်းပြန်/ဆက်တွင် (COVID -19)ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်
Mar 18,2020
မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ (COVID-19)ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ ရုံးရှေ့ မြေစိုက်ဘုတ်တွင် ပညာပေးစာစောင်များကပ်ခြင်းနှင့် စာကြည့်တိုက်လာသူများ လက်သန့်စင်မှုပြုလုပ်နိုင်စေရန် လက်ဆေးရေ များကိုလည်း အစဉ်သင့်ထားရှိပေးထားကြောင်းသိရသည်။