သတင်းများ

မိုးနဲမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Mar 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းမခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂)ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆို
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂) ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆိုကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ မြို့မဈေးနှင့် မြို့အဝင် ဆိပ်ကမ်း၌ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါထောက်လှမ်းရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအတွက် မိုးညှင်းခရိုင် ဆေးရုံတွင် သီးသန့်လူနာခန်း ကြိုတင်ပြင်ဆင်ထားရှိ
Mar 18,2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကူးစက်ဖြစ်ပွားနေသဖြင့် ရောဂါဖြစ်ပွားမှု မရှိသေးသည့် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ
ဒီးမော့ဆို မြို့မစျေးတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 18,2020
ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီခွဲက ဒီးမော့ဆိုမြို့မစျေး၌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ပြည်သူများ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက လူစည်ကားရာနေရာများ၌ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်သိမ်းဆည်း
Mar 18,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံများ ရင့်မှည့်နေပြီဖြစ်၍ ယခု မတ်လဆန်းပိုင်းက စတင်ကာ တောင်သူများ စတင် သိမ်းဆည်းနေကြပြီဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များ ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရှင်များနှင့် တွေ့ဆုံကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အတွက် လိုက်နာရန်အချက်များ အသိပညာပေးဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။