သတင်းများ

ဖျာပုံမြို့၌ မြန်မာ သုဿန်တွင် မီးသင်္ဂြိုလ်စက် အသစ်ထပ်မံတည်ဆောက်
Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ ၁၃ လမ်း၊ မြို့ပတ်တာလမ်းရှိ လက်ရှိ အသုံးပြုနေသော လိပ်ဥကုန်း မြန်မာသုဿန် မီးသင်္ဂြိုလ် စက်ဘေး၊ မြေကွက်လပ်တွင် မီးသင်္ဂြိုလ်စက် အသစ်ကို ဇူလိုင်လမှ စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
Aug 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာနေသော စာဖတ်ပရိသတ်များ အသိပညာနှင့် စာပေ ဗဟုသုတများ ပိုမိုတိုးပွားလာစေရန်အတွက် ပူတာအိုမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီခွဲ က ခရိုင်ပြည်သူ့စာကြည့်တိုက်၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ကျေးရွာလျှပ်စစ်မီးရရှိသည့် အထိမ်းအမှတ်ဖွင့်ပွဲ ကျင်းပ
Aug 12,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကျေးရွာမီးလင်းရေးလုပ်ငန်းများကို အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း
မိုးကုတ်မြို့နယ်တွင် ၂၀၂၀ အထွေထွေရွေး​ကောက်ပွဲ အောင်​မြင်စွာကျင်းပနိုင်​ရန် အထူးရဲတပ်ဖွဲ့ ၀င်များရွေးချယ်
Aug 12,2020
၂၀၂၀ ပြည့်နှစ် နို၀င်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများ၌ တာ၀န်ထမ်းဆောင်ရမည့် အထူးရဲများခန့်အပ်နိုင်ရန် စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိုးကုတ်မြို့ မြို့မစခန်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။
ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင် ပြသ
Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်က (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသိပညာပေး ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
လိုင်လင်းပီမြို့၌ သြဂုတ်လ(၂၀)ရက်နေ့တွင် သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ကျင်းပမည်
Aug 12,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ သြဂုတ်လ (၂၀)ရက်‌နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းလုံမြို့ လွယ်အံ(လုံ)အုပ်စု၊ လွယ်အံကျေးရွာတွင်(၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးမှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် အသက် (၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးများကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနက ယမန်နေ့ နံနက်ပိုင်းအချိန်တွင် လွယ်အံ(လုံ)အုပ်စု လွယ်အံကျေးရွာသို့ သွားရောက်၍ ဆေးတိုက်ကျွေးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
နောင်မွန်မြို့နယ်၌ ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့‌ငွေ ပေးအပ်
Aug 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် မြို့မရပ်ကွက် (ပန်နန်းဒင်) သို့ သွားရောက်ပေးအပ်ခဲ့သည်။