နောင်မွန်မြို့နယ်၌ ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့‌ငွေ ပေးအပ်

နောင်မွန် သြဂုတ် ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် မြို့မရပ်ကွက် (ပန်နန်းဒင်) များသို့ သွားရောက်ပေးအပ်ခဲ့သည်။

ထိုသို့သွားရောက်ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စုတစ်စုချင်းအလိုက် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး စနစ်တကျ လွှဲပြောင်းပေးခြင်းနှင့် မလိုလားအပ်သော အုပ်ချုပ်မှုပြဿနာများ မဖြစ်စေရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာလအတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသည့် နောင်မွန်မြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ဦးစီးအဖွဲ့တို့က နောင်မွန်မြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ရပ်ကွက်ရှိ အိမ်ထောင်စု (၅၁) စုနှင့် မြို့မရပ်ကွက် (ပန်နန်းဒင်) ရှိ အိမ်ထောင်စု (၁၀) စုထံသို့ နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းစီ စုစုပေါင်း ကျပ်တစ်ဆယ့်နှစ်သိန်းနှစ်သောင်းကို နိုင်ငံတော်ကိုယ်စား ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)