သတင်းများ

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံနှိုးဆော်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှု များအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင်ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ် ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်ကားရာ နေရာများတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးနှိုးဆော်
Aug 22,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် စုကလိမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇော်နိုင်လင်း နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
မိုးကုတ်မြို့တွင် မှာယူထားသော အောက်ဆီဂျင်စက်ရောက်ရှိ
Aug 22,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်တွင်မြို့သူမြို့သားများ အထူးလိုအပ် လျက်ရှိသော အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းကို ဇူလိုင်၁ ရက်မှ စတင်၍မတည်အလှူရှင် ကိုမြင့်သိန်း မသီတာ မိသားစုနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်း ပံ့ပိုးမှုဖြင့် မိုးကုတ်မြို့ မင်္ဂလာတိုက် သစ္စာအောင်မြေကျောင်းတိုက်တွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရွာသစ်မြို့၌ ပြည်သူများ ကုန်စည်ပြတ်လတ်မှုမရှိစေရေး ယာဉ်လိုင်းများအား သတ်မှတ်ရက်များအတွင်း သွားလာခွင့်ပြု
Aug 22,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ စုပေါင်းစစ်ဆေးရေး ဂိတ်၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကုန်စည်စီးဆင်းမှုပြတ်လပ်မှုမရှိစေရေး အိမ်စီးကားများ၊ ကုန်တင်ကားများအား ယနေ့တွင် သွားလာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်သံသယလူနာ(၁၀) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၊ ဆေးရုံဆင်းလူနာ (၉) ဦးနှင့် ကုသဆဲလူနာ စုစုပေါင်း (၉၂) ဦးကျန်ရှိ
Aug 22,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ သံသယလူနာ (၁၄)ဦးကို စစ်ဆေးခဲ့ရာ သံသယလူနာ(၁၀) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များအား လိုက်လံနှိုးဆော်
Aug 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် အိမ်အပြင်ထွက်ကတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Aug 22,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် နေအိမ် ပြင်ပထွက်ခွာခွင့်ကတ်ပြားများပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၇)နာရီက လမ်းဆုံလမ်းခွ နေရာများနှင့် ပြည်သူများသွားလာ မှုများသည့်နေရာများသို့ သွားရောက်၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
Aug 21,2021
ကရင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ လှာကမြင် ကွက်သစ် ဂေါက်ကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသည်။