ကျိန္တလီ ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် နေအိမ် ပြင်ပထွက်ခွာခွင့်ကတ်ပြားများပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၇)နာရီက လမ်းဆုံလမ်းခွ နေရာများနှင့် ပြည်သူများသွားလာ မှုများသည့်နေရာများသို့ သွားရောက်၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ ကျိန္တလီနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမြို့ဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ လမ်းဆုံ လမ်းခွနေရာများနှင့် ပြည်သူများသွားလာမှုများသည့် နေရာများသို့သွားရောက်ပြီး နေအိမ်ပြင်ပထွက်ခွာခွင့် ကတ်ပြားများ ယူဆောင်၍သွားမှုရှိ/မရှိ စစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင် သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)