မဂွေဇ-ခေါင်လန်ဖူးဆက်သွယ်ထားသည့် ကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့ သို့ရောက်ရှိ

ခေါင်လန်ဖူး စက်တင်ဘာ ၅
 
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် ဝေးလံခက်ခဲပြီးသွားလာရေးခက်ခဲသည့် နယ် စပ်မြို့ တစ်မြို့ဖြစ်ပြီး မဂွေဇ-ခေါင်လန်ဖူးမြို့သို့ဆက်သွယ်ထားသည့်ကားလမ်းအား နယ်စပ်ရေးရာ၀န်ကြီးဌာန ၏ခွင့်ပြု ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဖောက်လုပ်လျက်ရှိရာ စက်တင်ဘာ(၃)ရက် နေ့တွင် တစ်ကြောင်း ထိုးကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့သို့ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
ယခင်က ပူတာအို-ခေါင်လန်ဖူးမြို့သို့ကားလမ်းမပေါက်သည့်အတွက် တောတောင်လျှိုမြောင်အထပ် ထပ်နှင့် ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့်ပေ(၇၇၀၀)ရှိ ဆန်းလွတ်ချက်တောင်ကိုဖြတ်ကျော်ကာ ခြေလျင် ခရီးဖြင့်(၁၀)ရက် ကျော်ခန့်ကြာခက်ခက်ခဲခဲသွားလာရ၍ ခေါင်လန်ဖူးမြို့တွင် တာ၀န်ကျဌာနဆိုင်ရာ၀န်ထမ်း များနှင့်ဒေသခံ ပြည်သူ များခရီးသွားလာရာတွင် အလွန်ခက်ခဲခဲ့ပြီး ယခုအခါ ပူတာအိုမြို့မှခေါင်လန်ဖူးအထိ မိုင်ပေါင်း(၁၃၂)မိုင်အား တစ်ညအိပ်ခရီးဖြင့်သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။
ယင်း မဂွေဇ-ခေါင်လန်ဖူးကားလမ်းဖောက်လုပ်မှုအား နယ်စပ်ရေးရာ၀န်ကြီးဌာနမှ တာ၀န်ယူကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ မဂွေဇမှခေါင်လန်ဖူးအထိ လမ်းအရှည်(၆၅)မိုင် (၄)ဖာလုံဖောက်လုပ်ခဲ့ရာ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ အကျယ်(၂၃)ပေရှိ ကျောက်ခင်းလမ်း(၄၄)မိုင်၊ မြေသားလမ်း(၅၈)မိုင်၊ တစ်ကြောင်းထိုး လမ်း ခေါင်လန်ဖူးမြို့အထိဖောက်လုပ်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မဂွေဇ-ခေါင်လန်ဖူးမြို့သို့သွားလမ်းသည် သွားလာရေးခက်ခဲသည့်အတွက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရာတွင် လူနှင့်လားများကိုသာအသုံးပြုခဲ့ရပြီး ယခုအခါလမ်းဖောက်လုပ်မှုရောက်ရှိလာခြင်း ကြောင့် ခေါင်လန်ဖူးမြို့နယ် တွင် တာ၀န်ကျဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံပြည်သူများ ခရီးသွားလာရာ တွင်အဆင်ပြေလွယ်ကူစွာ သွားလာ နိုင်ခြင်း၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေလွယ် ကူလာခြင်း၊ ကုန်ဈေးနှုန်းကျဆင်း လာခြင်းနှင့် ပူတာအိုမြို့သို့တစ်ရက်ခရီး တစ်ညအိပ်ခရီးဖြင့်သွားလာနိုင်ပြီ ဖြစ်သောကြောင့် ဒေသ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ယခင်ကထက် ဘက်စုံဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်းသိရ သည်။
မြို့နယ်(ပြန်/ဆက်)