သတင်းများ

ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ
Jul 11,2021
နည်းပညာနှင့်အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ပခုက္ကူမြို့နယ်၊ရေလာလေးကျေးရွာတွင် ဇူလိုင်လ ၁ရက်နေ့မှ စတင်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးက သိရသည်။
ဝန်းသိုမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ သီးနှံစိုက်ခင်းများ နစ်မြုပ်
Jul 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌  ဇူလိုင် ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ ကျေးရွာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ သီးနှံစိုက်ခင်းများ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အလှူငွေ၊ ကြက်၊ ရေသန့်နှင့် ဆေးဝါးများ လှူဒါန်း
Jul 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် (COVID-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယနေ့နံနက် ၁၀ နာရီ အချိန်က အလှူငွေ၊ ကြက်၊ ရေသန့်၊ ဓာတ်ဆားနှင့် ဆေးများ လှူဒါန်းခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်တွင် စည်ပင်သာယာစျေးအား မြို့နယ်အားကစားကွင်းသို့ ယာယီပြောင်းရွှေ့ ဖွင့်လှစ်
Jul 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင်  ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်ရေးအတွက် စည်ပင်သာယာရေးစျေးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ် အားကစားကွင်း၌ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် (၉)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၉၁ ဦး ရှိပြီဖြစ်
Jul 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများနှင့် ထိစပ်သူများ၊ အနံ့ပျောက်သူများအား ယမန်နေ့က အထက(ခွဲ)အမှတ် (၁)နှင့် အမှတ်(၁၁) အင်ငါးခွ သကြားစက်တို့တွင် ဓာတ်ခွဲစစ်ဆေးရာ စုစုပေါင်း(၇)ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။
မအူပင်မြို့၌ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Jul 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာသည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ လူစည်ကားရာ ဘုရားလမ်းနှင့် တေဇလမ်းထောင့်၊ ပြုံးချိုလေးစျေးနေရာများတွင် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်၌ နှာခေါင်စည်း (Mask)အခုရေ (၃၀၀၀၀)အား ပြည်သူများထံ အခမဲ့ ဖြန့်ဝေ
Jul 11,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ လူစည်ကားရာနေရာများ၊ စျေးများ၊ လမ်းဆုံလမ်းခွနေရာများတွင် ပြုလုပ်ခဲ့သည်။