သတင်းများ

ကံမမြို့နယ်သမဝါယမအသင်းစုလိမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
May 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်သမဝါယမအသင်းစုလိမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့် ရပ်ကွက်ကျေးရွာ သမဝါယမအသင်းများမှ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
သိန္နီမြို့တွင် မိုးရာသီအကြို စိမ်းလန်းစိုပြည်ရေး စုပေါင်း သစ်ပင်စိုက်ပွဲ ကျင်းပ
May 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် သစ်တောဦးစီးဌာနမှ ပတ်ဝန်ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်ကျင် စိမ်းလန်းစိုပြေနိုင်စေရေးတို့အတွက် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့ နံနက် ၇ နာရီ အချိန်က သိန္နီမြို့ အမှတ်(၁)၊ အခြေခံပညာအထက် ကျေိာင်းတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။        
ပဲခူးမြို့တွင် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ကျင်းပ
May 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက အ-ထ-က (၁) သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂-၂၀၂၃  ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံ‌ရေး ချီဖွေမြို့နယ်တွင် မြေစိုက်ပိုစတာ စိုက်ထူ
May 21,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာကို ယနေ့နံနက် (၁၀)နာရီက အ‌‌ခြေခံပညာအထက်တန်းကျောင်းရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲက နည်းပညာတက္ကသိုလ် (ဗန်းမော်)၌ ပျိုးပင်စုစုပေါင်း(၄၂၉)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်သို့ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကိတ္တိသာရ အပူဇော်ခံကြွာရောက် လာရာလမ်းတစ်လျှောက် ဒေသခံပြည်သူများ သောင်းသောင်းဖြဖြကြိုဆို
May 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်ငြိမ်းအေးကျောင်းတိုက်၊ သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်သို့ ယနေ့နံနက်ပိုင်းက အပူဇော်ခံကြွချီလာမှုအား ဒေသခံပြည်သူများမှ လမ်းမကြီးတစ်လျှောက် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
ငရုတ်ကောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
May 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ သလဲဒိုးကျေးရွာနှင့် စမ်းချောင်းကျေးရွာတို့တွင်၂၀၂၂-၂၀၂၃ပညာသင် နှစ်ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာသင်ကျောင်းဆောင်များ၌ တွေ့ဆုံဆွေးနွေးခဲ့‌ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11(သင်ရိုးသစ်) မြို့နယ်အဆင့် သင်တန်းကျင်းပ
May 21,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။