သတင်းများ

အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ ကာလတိုသင်တန်း အပတ်စဉ် (၂/၂၀၂၂) ဖွင့်လှစ်
May 21,2022
ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ တစ်ဦးချင်းဝင်ငွေများမြင့်မားလာစေရေးအတွက် ကာလတိုသင်တန်း အပတ်စဉ် (၂/၂၀၂၂) အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် ဆံပင်ညှပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) ADRA အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဗန်းမောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပန်းခြောက်ဖြင့် ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပန်းခြောက်ဖြင့် ပန်းအလှ ထိုးနည်းသင်တန်းကို ဖွင့်လှစ်သည်။
တပ်ကုန်းမြို့နယ်  ကုတင်(၁၀၀) ပြည်သူ့ဆေးရုံဝန်းအတွင်း၌  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ ဆေးရုံဝန်းအတွင်းတွင် ယနေ့ နံနက် ၇နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ညောင်ဦးမြို့ နဂါးကျစ်ဘိုးဘွားရိပ်သာ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြ
May 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နဂါးကျစ်ဘိုးဘွားရိပ်သာဝင်းအတွင်း ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့်သီးခြားတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုပေါင်းကာသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
မံစီမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 21,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် မံစီ (မြို့မ) သစ်တောပျိုး ဥယျာဉ်အနီး၌ ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် စာပေဆွေးနွေးပွဲပြုလုပ်
May 21,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ စာပေနွေးပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ ရက်နေ့ နံနက် ၁ဝနာရီက ပြုလုပ်သည်။
ပုဗ္ဗသီရိမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများ ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံ ပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်နှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို  ယနေ့နံနက် (၇)နာရီက ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်
May 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် Grade (11) သင်တန်းကို (အ-ထ-က) သရက်ချောင်းကျောင်းခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။