မင်းတုန်းမြို့နယ်တွင် နေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး
May 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ ယနေ့နံနက် ၈ နာရီက မိုးကောင်းကျေးရွာနေ တောင်သူ(၈)ဦး၏ ယာမြေ ၈ ဧကတွင် ၂၀၂၂ မိုးနေကြာသီးနှံ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးရာ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးနှင့် မြို့နယ် လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။