သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စာရေးသားနည်းသင်တန်း စတင်ဖွင့်လှစ်
May 17,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်
အသက် (၃) နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
May 17,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် (၃) နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့ နံနက်က စတင်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ချောင်းဆုံ လူမှုဝန်ထမ်းမူကြိုကျောင်းတွင်လည်းကောင်း၊ ဆေးထိုးစုရပ်အဖြစ်ထားရှိကာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း ငှားရမ်းပေး
May 17,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်စေရန်၊ ​ပြည်သူများ စာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ ငှားရမ်းပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် မြို့ပေါ် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ ယနေ့ နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း  ၁၇,၂၄၁ ဦးရှိပြီးဖြစ်
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရှိရသည်။
ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများပြုစုနိုင်ရေးအတွက် နိုင်-၄ မှတ်တမ်းများ ရေးသွင်းနေမှုကို ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုအားပေး
May 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြုစုနိုင်ရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းနေမှုအခြေအနေများကို ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများအဖွဲ့က ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
၂၀၂၁-၂၀၂၂ ခု၊  ဘဏ္ဍာရေးနှစ်အတွက် ထားဝယ်မြို့နယ် ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်က  အသင်းသားများအား ထောက်ပံ့ငွေများထုတ်ပေး
May 17,2022
၂၀၂၁-၂၀၂၂ခု၊ (Mini)ဘဏ္ဍာရေးနှစ်အတွက် ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်က ယနေ့နံနက်ပိုင်းတွင် အသင်းမှအသင်းသား(၁၉၉)ဦးအား ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်
May 17,2022
​ပြည်သူများအ​နေဖြင့် မီးဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှုများ မရှိစေရန် ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် ယ​နေ့နံနက် ၁၁ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်မျိုးအောင်ရပ်ကွက်အတွင်း၌ တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးဆောင်ရွက် ခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ညောင်လေးပင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ