သတင်းများ

မိုင်းကိုင်မြို့နယ်၊ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်
May 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် ရဲမေများ ၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်လုပ်သားပြည်သူများ စုစုပေါင်းအင်အား ၄၀၀ ကျော်တို့သည် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် အခြေခံပညာ အထက်တန်းကျောင်း(မိုင်းကိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (မိုင်းကိုင်) တို့တွင် နှစ်နေရာခွဲ၍ စုပေါင်း သန့် ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်။
နမ့်စန်တွင် အခြေခံပညာအထက်တန်းအဆင့် (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် ဧကဒဿမ (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရေဖြူ၌ ဆင်းသုခ(RS)မျိုးသန့်မျိုးပွားမျိုးစေ့ စပါးပေးအပ်ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
May 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆင်းသုခ(RS) မျိုးသန့် မျိုးပွားမျိုးစေ့ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ် သင်တန်း(၁/၂၀၂၂)ဆင်းပွဲကျင်းပ
May 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့ သားစပ်သင်တန်း(၁/၂၀၂၂)ဆင်းပွဲကို မေ ၂၀ ရက်က ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်ရွှေမြို့နယ် သက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ သစ်တောဦးစီးဌာနှင့် ညောင်ရွှေသက် မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် ၂၀၂၂ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့် ကျေးရွာအုပ်စုရှိ သက်မွေးပညာသင်တန်းကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရွှေကျင်မြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုကာလတွင် ဓမ္မဗျူဟာသာသနမာမကအဖွဲ့ သင်တန်းကျောင်းဝင်းအတွင်း၌ သစ်တောသစ်ပင်များ စိန်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့ နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်ရန်၊ သစ်တော ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများက ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရွှေဂေါ်တာဘုန်းကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
ကြို့ပင်ကောက်မြို့၌ အခြေခံပညာအထက်တန်း Grade-11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
May 22,2022
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်ပညာရေးဌာနမှကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 သင်ရိုးသစ်မြို့နယ်အဆင့်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အထက(ပန်းတင်) ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီချိန်က ကျင်းပခဲ့သည်။