နမ့်စန်တွင် အခြေခံပညာအထက်တန်းအဆင့် (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

နမ့်စန်() မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာထက်တန်းအဆင့် ဧကဒဿမ  (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က (GRADE-11) သင်ရိုးသစ်ဆင့်ပွား သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်ရိုးသစ်သင်တန်းများ ဆက်လက်ပို့ချဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း ၁၀ ကျောင်းမှ ထက်တန်းအဆင့်သင် ဆရာ/ဆရာမ ၄၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ ၁၀ ဦးက မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်