သတင်းများ

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကျင်းပ
Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း) သင်တန်းဖွင့်လှစ်
Oct 13,2022
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ် ကော့ဘိန်း(စံပြကျေးရွာ)၌ ယမန်နေ့နံနက် ၁၀ နာရီတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အပိုဝင်ငွေရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း) သင်တန်းကို ကျေးရွာမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။
ပဲခူးမြို့တွင် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ကျင်းပ
Oct 13,2022
လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း အမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
ဂွမြို့ ရွာမရပ်ကွက်တွင်  မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Oct 13,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာ ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွာမရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
သာစည်မြို့နယ်တွင် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး
Oct 13,2022
မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍   တွေ့ဆုံဆွေးနွေးပွဲကို   ယနေ့နံနက် ၁၀ နာရီက  မြို့နယ်ခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် လိုအပ်သည့်မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများ ထုတ်ချေးပေးခြင်းနှင့် နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအလိုက်မဲ ရုံများလျာထားသတ်မှတ်နိုင်ရေးနှင့် လူဦးရေစာရင်းပါ အချက်အလက်များပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊   သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအလိုက် မဲရုံများလျာထား သတ်မှတ်နိုင်ရေးနှင့်လူဦးရေစာရင်းပါ အချက် အလက်များ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး  PR စနစ်အကြောင်း  ရှင်း လင်းဆွေးနွေးပွဲကို   ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ အမှတ်(၄)ရပ်ကွက်တွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်းမျိုးစိတ် BA.4,BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက်အတွင်းနေထိုင်ကြသောပြည်သူများအားသိရှိစေရန်အတွက်  ဘုရားသုံးဆူမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်းမျိုးစိတ် BA.4, BA.5 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့သည်။