သာစည်မြို့နယ်တွင် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

သာစည် အောက်တိုဘာ ၁၃

မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍   တွေ့ဆုံဆွေးနွေးပွဲကို   ယနေ့နံနက် ၁၀ နာရီက  မြို့နယ်ခန်းမ၌ပြုလုပ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ  ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ရှင်းလင်းဆွေးနွေးခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏မိတ္ထီလာမြို့နယ်ခရီးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြီး၊  ခရိုင်အတွင်းမြို့နယ်များ၌ ကိုဗစ်-၁၉ရောဂါ လက်ရှိအခြေအနေများနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေးကာကွယ်ဆေးအပြည့်အဝထိုးနှံရေး ဆောင်ရွက်မှုများ၊ ရွေး ကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မှုများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအနေဖြင့် ဥပ‌ဒေများနှင့်အညီ ပြုမူဆောင်ရွက်ကြရန်နှင့်လုံခြုံရေးကိစ္စရပ်များကို လမ်းညွှန်မှာကြားဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများက ကျန်းမာရေး၊ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေးနှင့်လျှပ်စစ်မီးလင်းရေး စသည်ဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသအလိုက်လိုအပ်ချက်များကို တင်ပြဆွေးနွေးရာခရိုင်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းရှင်း လင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်သာစည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)