ကျိုက်ထိုမြို့နယ်တွင် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း) သင်တန်းဖွင့်လှစ်
Oct 13,2022
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ် ကော့ဘိန်း(စံပြကျေးရွာ)၌ ယမန်နေ့နံနက် ၁၀ နာရီတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အပိုဝင်ငွေရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း) သင်တန်းကို ကျေးရွာမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။