တပ်ကုန်းမြို့နယ်၌ မိုးစပါးရိတ်သိမ်းချိန် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိ
Dec 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးနှင့်လူမှုဘဝဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ အခြေခံလုပ်ကိုင်ကြပြီး၊ လယ်ယာမြေများတွင် စပါးနှင့်မီးဖိုချောင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းချိန်ကာလအတွင်း နေ့စားအငှားလိုက်သူများ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း အငှားလိုက်သူထံမှ သိရသည်။