သတင်းများ

ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ဉာဏစွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီခွဲကပြုလုပ်သည်။
ဆင်ပေါင်ဝဲမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ မင်းအောင်ရပ်ကွက်၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြော
Dec 15,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက မင်းအောင်ရပ်ကွက်သို့သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင်(၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ
Dec 15,2023
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်၊၊
မောက်မယ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် ကုန်စုံများအား သတ်မှတ်စည်းကမ်းချက်နှင့်အညီရှိစေရေး ကွင်းဆင်းစစ်ဆေး
Dec 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရှိစေရေး ယမန်နေ့နံနက်(၁၀)နာရီတွင် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မောက်မယ်မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ပံတန်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဆင်းပွဲကျင်းပ
Dec 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျေးနီရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
နှစ်သစ်ကူးညပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 15,2023
မန္တလေးမြို့၌ နှစ်သစ်ကူးညတွင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး(၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မိုင်းဖြတ်မြို့နယ်၊ မြို့မ​စျေး၌ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား စစ်​ဆေး
Dec 15,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယမန်​နေ့နံနက်ပိုင်းက စည်ပင်သာယာမြို့​စျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးအတွက် ကြိုတင်ပြင်ဆင်​ဆောင်ရွက်ထားရှိသည့် အခြေအ​နေများအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။