မိုင်းဆတ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်ကလေးအလုပ်သမားပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများထံ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။