သတင်းများ

ပေါင်မြို့နယ်၌ ရေထိန်းတံခါးလုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး
Jun 20,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေထိန်းတံခါးလုပ်ငန်းလည်ပတ်မှုကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၇ ရက်နေ့နံနက်ပိုင်းက ကျုံဟော်ကျေးရွာရှိ ရင်းငြိမ်ရေထိန်းတံခါး၌ ကွင်းဆင်းစစ်ဆေးခဲ့ရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။
ပန်းတနော်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) လေ့ကျင့်ရေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အထက်တန်းအဆင့်) စာစီစာကုံးပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များပေးအပ်ပွဲအခမ်းအနား တက်ရောက်
Jun 20,2025
ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရှမ်းပြည်နယ်အတွင်းရှိ ငါးမွေးကန်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနား လွိုင်ကော်တွင် ကျင်းပ
Jun 20,2025
ကယားပြည်နယ်အတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံအား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ ကျင်းပ
Jun 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို  စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ယနေ့ နေ့လည် (၂) နာရီက ကျင်းပခဲ့သည်။
တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တမံကြီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက်နေ့နံနက် (၉) နာရီတွင် အ.ထ.က (ခွဲ) တမံကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 20,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မအူပင်မြို့၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများသို့အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း ဆောင်ရွက်မည့် သမဝါယမ အသင်းသား တောင်သူများသို့ အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက မအူပင်မြို့ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။