သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာပေးဟော​ပြောပွဲနှင့် နံရံကပ်စာ‌စောင်များ ပြသ
Jun 21,2025
မကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အခြေခံပညာမူလတန်း (ကွက်သစ်အနောက်)ကျောင်း၌ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) နောက်ဆုံးနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဆက်လက်ဖြေဆို
Jun 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယ အကြိမ်) နောက်ဆုံးနေ့ (ဇွန် ၂၁ ရက်)၌ သက်ဆိုင်ရာစာစစ်ဌာန နှစ်ခုတွင် ဇီဝေဗဒနှင့် ဘောဂေဗဒဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အခြေခံပညာမူလတန်းလွန်ကျောင်း(အောင်သိဒ္ဓိ)ရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့်​ ဆေးဝါးများ ကုသပေးခြင်း ဆောင်ရွက်
Jun 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အိုးဖိုအနောက်ရပ်ကွက်ရှိ အ.မ.က(အောင်သိဒ္ဓိ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ မိုးတွင်းကာလဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.မ.က(အောင်သိဒ္ဓိ)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ‌ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ခ မ ရ (၄၀၅) တပ်ရင်းဝင်းအတွင်း၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်မြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Jun 21,2025
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလင်းဝင်ရောက်လာသူများနှင့် မိအုပ်ထိန်းသူများ တက်ရောက်ကြသည်။
သာယာဝတီမြို့နယ်တွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်း တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်
Jun 21,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် နှစ်စဉ်မိုးတွင်းကာလ၌ ကြုံတွေ့နေရသည့် ရေကြီးရေလျှံဘေးမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း တူးဖော်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။