သတင်းများ

ရေတာရှည်မြို့နယ်၌ အမှိုက်များ စနစ်တကျခွဲခြား စွန့်ပစ်ခြင်း အသိပညာပေးသရုပ်ပြပွဲနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနားကျင်းပ
Jun 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးသရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) အချိန်ခွဲအချိန်က မြောက်နန်ချွန် အ.ထ.က(ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့ အ-ထ-က(၁)၌ လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 21,2025
လူငယ်များ ဗဟုသုတတိုးပွားရရှိစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းကာ လူငယ်အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီခွဲက ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 21,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်
Jun 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အပတ်စဉ် (၃၂) ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jun 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အုတ်တွင်းမြို့နယ် အခြေခံပညာ မူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အခြေခံပညာ မူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့၌ မူးယစ်‌ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jun 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မူးယစ်‌ဆေးဝါး တားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့ အမှတ် (၉) မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်းမြို့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ဟုမ္မလင်းမြို့နယ်‌ ခေါင်ခမ်းအုပ်စု၊ တာပတောင်းကျေးရွာ၊ အ‌ခြေခံပညာအလယ်တန်း‌ကျောင်း၌ မူးယစ်‌ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
နာဂဒေသ၊ နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် မြို့နယ်အလိုက် ဆင့်ပွားသင်တန်းများပို့ချရာတွင် နည်းပြဆရာဖြစ်သင်တန်းနှင့် မဲရုံအလိုက် တာဝန်ထမ်းဆောင်ရမည့် မဲရုံအဖွဲ့ဝင်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။