သတင်းများ

လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေပေးဝေသည့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 23,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယ‌မန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လယ်ဝေး-ပျဉ်းမနား မြို့ရှောင်လမ်းဘေးရှိ ကျေးရွာအုပ်စုများတွင် မိုးစပါးစိုက်ပျိုးရေပေးဝေရန် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ချောက်မြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 22,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား ကျောင်းအခြေပြုသဘာဝဘေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၉နာရီအချိန်က အ.ထ.က(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့၌ စားသုံးသူပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးကွင်းဆင်းစစ်ဆေး
Jun 22,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ယုံကြည်စိတ်ချစွာဝယ်ယူစားသုံးနိုင်စေရေးရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား  ယနေ့နံနက်၁၀နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ပေါင်းတည်၌ ပဲတောင့်ရှည် လှိုင်လှိုင်ထွက်လျက် စျေးကောင်းရ၍ တောင်သူများအကျိုးအမြတ်ရ
Jun 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ရာသီအလိုက် ပဲသီးနှံအမျိုးမျိုးနှင့်ဟင်းသီးဟင်းရွက် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ယခုလအတွင်း မိုးရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ ပဲတောင့်ရှည်များလှိုင်လှိုင်ထွက်လျက်ရှိသည်။
ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ကော်ဖီမျိုးစေ့နှင့်ပျိုးပင်ပေးအပ်ပွဲကျင်းပ
Jun 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ကော်ဖီမျိုးစေ့နှင့်ပျိုးပင်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ကျိုက္ခမီမြို့၊ မြို့လယ်ဓမ္မာရုံတွင် ပင်လယ်ငါးဖမ်း​ရေလုပ်သားများအတွက် အ​ခြေခံကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 22,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်ပင်လယ်ငါးဖမ်း​ရေလုပ်သားများအတွက် အ​ခြေခံကျွမ်းကျင်မှုသင်တန်း(Basic On-Job Skill Training)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့၊ မြို့လယ်ဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ အဖွဲ့၀င်(၁) ဦးအောင်သန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး၊ ကျိုက္ခမီမြို့ နယ်မြေစခန်းမှူး၊ နယ်မြေမီးသတ်စခန်းတာဝန်ခံ၊ ရေလုပ်ငန်းရှင်များနှင့် သင်တန်းသား (၃၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ကြံခင်းမြို့နယ်ကိုယ်စားပြု အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားကွင်းတွင် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီက လူရွေးချယ်ခြင်းပြုလုပ်ခဲ့သည်။