ကျိုက္ခမီမြို့၊ မြို့လယ်ဓမ္မာရုံတွင် ပင်လယ်ငါးဖမ်း​ရေလုပ်သားများအတွက် အ​ခြေခံကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် ​ဇွန် ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်ပင်လယ်ငါးဖမ်း​ရေလုပ်သားများအတွက် အ​ခြေခံကျွမ်းကျင်မှုသင်တန်း(Basic On-Job Skill Training)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့၊ မြို့လယ်ဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ အဖွဲ့၀င်(၁) ဦးအောင်သန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး၊ ကျိုက္ခမီမြို့ နယ်မြေစခန်းမှူး၊ နယ်မြေမီးသတ်စခန်းတာဝန်ခံ၊ ရေလုပ်ငန်းရှင်များနှင့် သင်တန်းသား (၃၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်းများဆောင်ရွက်သည်။ ထို့နောက်သင်တန်းဆက်လက်ပို့ချရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဟန်ဝင်း​ရွှေ၊ ကျိုက္ခမီမြို့၊ နယ်​မြေခံစခန်းမှူးဒုရဲမှူးသက်​ဝေ၊ မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးရှိုင်းထက်အောင်၊ ကြက်​ခြေနီတပ်ဖွဲ့ တာဝန်ခံ ဦးပြည့်ခွန်ဆက်တို့က ခိုက်ရန်ဖြစ်ပွားမှု​ကြောင့်အသက်ဆုံးရှုံးမှုမဖြစ်ပေါ်​စေ​ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်​ရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးစသည့် အကြောင်းအရာများကိုအသီးသီးပို့ချခဲ့ကြပြီး၊ သင်တန်းကို နံနက် ၉ နာရီမှ မွန်းလွဲ၃နာရီအထိ သင်တန်းသား(၃၀)ဦးအား သင်ကြားပို့ချ​ပေးသွား​မည်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)