သတင်းများ

မိုင်းဆတ်မြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွား
May 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မေလ (၁၈)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက် ခတ်မှုကြောင့် သဗ္ဗညုဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်မြေခခဲ့ပြီး နေအိမ်(၄)လုံးထိခိုက် ပျက်စီးခဲ့ ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်း ၄၂၀ ကျော်ဖြင့်  ကျေးလက်လမ်း (၆)လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီး
May 19,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၄၂၀ ကျော်ဖြင့် ကျေးလက်လမ်း (၆)လမ်းကို  အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ (၇၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အိမ်မဲမြို့နယ်တွင် အသက်(၁၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
May 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Happy ဖူဆယ်ဘောလုံးကွင်း၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အသက်(၁၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့က စတင်ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် စော်ရဲကျေးရွာ၌ ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်
May 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စော်ရဲကျေးရွာ၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း စွမ်းရည်မြှင့်တင်ရေးအဖွဲ့မှ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ (SMU) ဘက်စုံသုံး ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်
May 19,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Cimmunity Centre ခန်းမ၌ မေ ၁၉ ရက် နံက် ၉ နာရီခွဲအချိန်တွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
May 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်
May 19,2021
ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံရာ မဝတလမ်းဆုံရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရုံးတွင်
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများဆောင်ရွက်ပေးလျက်ရှိ
May 19,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးမှူးရုံး၌ “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေးစာရင်းများဆောင်ရွက်ပေးခြင်းကို မေလပထမပတ်မှ စတင်ကာပြုလုပ်ပေးနေ ကြောင်းသိရသည်။