သဲကုန်း မေ ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ ဦးစီးမှူးရုံး၌ “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေးစာရင်းများဆောင်ရွက်ပေးခြင်းကို မေလပထမပတ်မှ စတင်ကာပြုလုပ်ပေးနေ ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင် လျှက် ရှိကြသော မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရာ တွင်လည်း နေထိုင်မှုပုံစံများအလိုက် လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေး ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေး ခြင်းဟူ၍ နည်းလမ်း(၄)သွယ်ချမှတ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
နိုင်လင်း (သဲကုန်း)