လပွတ္တာခရိုင်၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လပွတ္တာ ဇူလိုင် ၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း လပွတ္တာမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအတွင်း၌ ကျင်းပသည်။

ရှေ့ဦးစွာ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်သူဇာနွယ်က လေထုသန့်စင်ရန်နှင့် ရာသီဥတုမျှတစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာ၀သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့နိုင်စေရန် ရည်ရွယ်ချက်နှင့် သစ်ပင်စိုက်ပျိုးခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မိမိတို့စိုက်ပျိုးထားသည့် သစ်ပင်များ ဆက်လက် ရှင်သန်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိန်းသိမ်း‌ စောင့်ရှောက်ကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီး၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသူများ အင်အား(၄၀)ဦးတို့က ကျွန်း၊ ပျဉ်ကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ မဟော်ဂနီ၊ စိန်ပန်းပု၊ စိန်ပန်းကြီး၊ သပြေဘူတ ပျိုးပင်ပေါင်း (၅၅၀)ကို စုပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)