သတင်းများ

ဒီပဲယင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသော အသက် ၆၅ နှစ်နှင့်အထက် ပုဂ္ဂိုလ်များ ၊ သာသနာဝန်းထမ်းရဟန်းတော်များ ၊ သီလရှင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး စေတနာ့ဝန်ထမ်း (volunteer) များနှင့် ရပ်ကွက်/ကျေးရွာ ပြည်သူများအား ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၈ နာရီ မှ နေ့လည် ၁ နာရီအချိန်ထိ ဒီပဲယင်းမြို့ အထက ကျောင်းနှင့် ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့ အထကကျောင်းတို့တွင် စုရပ် ၂ ခုခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေးကြောင်း သိရသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ ရေထိန်းနံရံဆောင်ရွက်ပြီးစီးမှု ကွင်းဆင်း ကြည့်ရှု
Sep 05,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ် ဝန်ကြီးများသည် ယနေ့ မွန်းလွဲ(၂) နာရီအချိန်က လှိုင်းဘွဲမြို့မြိုင်ကြီးငူ အထူးဒေသနှင့် ရွှေဂွန်းကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ရမည့်လုပ်ငန်းနှင့် ရေထိန်းနံရံဆောင်ရွက်ပြီးစီးမှုတို့ကို ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံလျက်ရှိ
Sep 05,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် လာရောက်ခိုလှုံနေကြသော ‌နေပူခံကျေးရွာမှ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့သစ်ရပ်ကွက် နေပူခံယာယီတိုက်ပွဲရှောင်စခန်း သတ်မှတ်စုရပ်များ၌ ကာကွယ်ဆေးများ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ)အကြိမ်အဖြစ် စုရပ်(၅)ခုခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း လူမျိုး/ဘာသာမရွေး အသက်(၆၅)နှစ်အထက် အဘိုး ဘွားများ၊ စားသောက်ဆိုင်/ဈေးဆိုင်ရောင်းချသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များစသည့် ဦးတည်အုပ်စု(၁၂)ခုတို့အား သြဂုတ် လ ၂၉ ရက်မှ စက်တင်ဘာလ ၄ရက်ထိ(ဒုတိယ)အကြိမ်အဖြစ် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးထားသူများကို ဩဂုတ်လ၂၉ရက်မှစ၍ (ဒုတိယ) အကြိမ်အဖြစ် နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဆေးထိုး စုရပ်(၅)ခုခွဲ၍ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ရေဦးတွင် ကိုဗစ် ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်(နှစ်ကြိမ်ပြည့်)ထိုးနှံခြင်း ဆက်လက်ဆောင်ရွက်
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံထားပြီးသူများအား ဒုတိယအကြိမ် (နှစ်ကြိမ်ပြည့်) ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက တောင်သူစုဝေးခန်းမ၊ အားကစားရုံ၊ အထက(၁) ကံကော်ဆောင်ခန်းမ တို့တွင် အသီးသီး ဆောင်ရွက်ပေးလျက်ရှိသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနား သို့တက်ရောက်
Sep 05,2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာန ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးခင်ဇော် (ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ယမန်နေ့ ၁၁နာရီခွဲအချိန်တွင် ကမမောင်းမြို့အမှတ် (၄) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်သော လူမှုရေး ပင်စင်ထောက်ပံခြင်း အခမ်းအနားသို့ တက်ရောက်၍ ဘိုးဘွားများအား ဂါရဝပြုအမှာစကား ပြောကြားခဲ့ပြီး အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွား (၁၇၁)ဦးအတွက် ထောက်ပံ့ငွေ (၅၁၃၀၀၀၀)ကျပ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူထံပေးအပ်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ရှိ ယာဉ်စစ်ဆေးရေးဂိတ်နှင့် ထီလုံတာပေါင်-ပတ-နဘူးလမ်းပေါ်ရှိ တံတားများအား ကြည့်ရှုစစ်ဆေး
Sep 05,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ရှိ ယာဉ်စစ်ဆေးရေးဂိတ် ဆောက်လုပ်နေမှုနှင့် ထီလုံ-တာပေါင်-ပတ-နဘူးကားလမ်းပေါ်ရှိ တံတားများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျိန္တလီမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ် အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉နာရီ အချိန်မှ စတင်ကာ မြို့အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။