မုံးထမြို့၊ ကျူကော်ကျေးရွာ၌ အုတ်ရေကန်နှင့် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Sep 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့၊ ကျူကော်ကျေးရွာ၌ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံဖြိုးတိုးတက်စေရေးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိမှု အဆင်ပြေစေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) ရန်ပုံ ငွေကျပ်သိန်း(၁၀၀)ဖြင့် အုတ်ရေကန်နှင့် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့် ပြီးစီးပြီကြောင်း မုံးထမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးထံမှသိရသည်။