သတင်းများ

မိုးမိတ်မြို့နယ်အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့
Sep 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် မိုးမိတ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (MCCT) ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့  နံနက်ပိုင်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများက ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။       
ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြိုတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ်စုပေါင်းရုံး(OSS)တွင် ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေး (Sinopharm) များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP)အမျိုးအစားအား စတင်ထိုးနှံပေး
Sep 17,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ ဒွါရာဝတီ မြို့နယ်ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေးဌာန အပါအဝင် ဆေးထိုးစင်တာ ၁၀ခုတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Sep 17,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အသက် ၅၅ နှစ်နှင့် အထက်  အသက်ကြီးသူများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၊ အမှတ်(၂)ရပ်ကွက် အလက( အုန်းတော)၊အမှတ်(၃)ရပ်ကွက်ရှိ အ.မ.က(၁)မူ/လွန်ကျောင်းတို့၌ဆေးထိုး ရမည့်အုပ်စုနေရာများခွဲ၍ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သံတွဲမြို့နယ် မြို့ချောင်းကျေးရွာရှိ အိမ်ခြေ(၄၄)အိမ်အား စားနပ်ရိက္ခာများလှူဒါန်း
Sep 17,2021
သံတွဲမြို့နယ် မြို့ချောင်းကျေးရွာရှိ အိမ်ခြေ(၄၄)အိမ်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန် ကာအအတွင်း စားသောက်မှု အဆင်ပြေစေရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်က သံတွဲမြို့မှ ပရဟိတအဖွဲ့များက ဦးဆောင်၍ အဆိုပါကျေးရွာသို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
နောင်တရားမြို့၌ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူ ၁၇၀ ဦးအား ကာကွယ်ဆေးဆက်လက်ထိုးနှံ
Sep 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူ ၁၇၀ ဦးအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်အများ ပြည်သူသိရှိလိုက်နာရမည့် အချက်များအား ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 17,2021
ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင်ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိ လိုက်နာရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။