သတင်းများ

မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်
May 31,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ ကော့ခွယ်ကျေးရွာ၌ ယမန်နေ့က တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများပြုလုပ်
May 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ကျေးလက်ဒေသအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်
May 31,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးလက်ဒေသအ‌မျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်၌ မြို့နယ်သူနာပြုကြက်ခြေနီတပ်ဖွဲ့မှ ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
May 31,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်သူနာပြု ကြက်ခြေနီတပ်ဖွဲ့ထူးချွန်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်သည်။
ပခုက္ကူမြို့၌ ရက်(၁၀၀)အတွင်း ပြည်သူလူထုအကျိုးရှိစေမည့် Quick Win လုပ်ငန်းများဆောင်ရွက်
May 31,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရသစ်ရက်(၁၀၀)ကာလအတွင်း ပြည်သူလးထုအကျိုးရှိစေမည့် Quick Win လုပ်ငန်းအဖြစ် ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုး အောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့ရှိ သီရိရတနာဟိုတယ်၊ ‌ငွေစန္ဒာတည်းခိုခန်း၊ ရွှေစည်းစိမ်တည်းခိုခန်း၊ ရွှေရည် ဦးတည်းခိုခန်း၊ သ‌ပြေညိုတည်းခိုခန်း၊ သူ့ထက်စံတည်းခိုခန်းနှင့်မြင့်‌ရွှေစင် တည်းခိုခန်းများထံကွင်းဆင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာများစစ်ဆေးခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
May 31,2026
 ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ စီမံညွှန်ကြားချက်အရ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ကျောက်ကြီးမြို့နယ် တောင်ငူတန်းရပ်ကွက်နှင့် ကပ်ကျေးရပ်ကွက်ကြားရှိ ချောင်းကူး ဦးခြောက်ရာတံတား ယာယီသွားလာနိုင်ရေးပြင်ဆင်
May 31,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက စတင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် တောင်ငူတန်းရပ်ကွက်နှင့် ကပ်ကျေးရပ်ကွက်ကြားရှိ ချောင်းကူး ဦးခြောက်ရာတံတား ယာယီ သွားလာနိုင်ရေးပြင်ဆင်နေကြောင်း သိရသည်။