ပခုက္ကူ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရသစ်ရက်(၁၀၀)ကာလအတွင်း ပြည်သူလးထုအကျိုးရှိစေမည့် Quick Win လုပ်ငန်းအဖြစ် ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုး အောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့ရှိ သီရိရတနာဟိုတယ်၊ ငွေစန္ဒာတည်းခိုခန်း၊ ရွှေစည်းစိမ်တည်းခိုခန်း၊ ရွှေရည် ဦးတည်းခိုခန်း၊ သပြေညိုတည်းခိုခန်း၊ သူ့ထက်စံတည်းခိုခန်းနှင့်မြင့်ရွှေစင် တည်းခိုခန်းများထံကွင်းဆင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာများစစ်ဆေးခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)