ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေး လမ်း၊ တံတားလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေကျပ် ၄၄၈ ဒသမ ၄၄ သန်းဖြင့် ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ မူလလမ်းကိုချဲ့၍ ကတ္တရာခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ Box Culvert များတည်ဆောက်ခြင်း၊ မြို့ရေပေးရေးပိုက်လိုင်းများနှင့်ဂိတ်ဘားများ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။