သတင်းများ

မိုင်းခတ်၌​ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံ​ရေး​နေ့အခမ်းအနားကျင်းပ
May 30,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံ​ရေး​နေ့အခမ်းအနားကို ယ​နေ့နံနက်၉နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရယ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးစုပေါင်းဆောင်ရွက်
May 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၌ အသက်(၁၈)နှစ်‌ အောက်ပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ
May 30,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်   ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့် ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
May 30,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာကြစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲတို့ ပူးပေါင်း ထုတ်ဝေသည့် “သွေးလွန် တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ဆိုသည့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး/ ပုံမှန်ကာကွယ်ဆေးထိုးစုရပ်နေရာများ၊ အခြေခံပညာ ကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွ နေရာများ အပါအဝင် လူအသွားအလာများသည့် နေရာများတွင် မိဘပြည်သူများနှင့် ကျောင်းသား/သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ကျောင်း(အထက-ခနောင်တို) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနား တွံတေး၌ကျင်းပ
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)၊ ယုဇနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုပွဲတော်ကျင်းပ
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်