သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ကျောင်းသား၊ ကျောင်းသူများစာပေမှဗဟုသုတများစွာ ရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှူလေ့လာနိုင်စေရန်နှင့် စာပေကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ဇွန် ၁၂ ရက်နေ့ နံနက် (၁၀) နာရီအချိန်က သာကေတမြို့နယ်အမှတ် (၉) အခြေခံပညာမူလတန်း ကျောင်းနှင့်ယနေ့နေလယ် (၁၂) နာရီအချိန်ကအမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတို့၌ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။