ကျောက်ဆည်မြို့နယ်တွင် စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Jul 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ယမန့်နေ့နံနက်ပိုင်းက မြို့မဈေးအရှေ့ဘက်ရှိ ဒေါ်စန်းစန်းဌေး (နေလသုခ-၂) စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ဆီဝယ်ခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။