ကယားပြည်နယ်

မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်စဲချောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ မြေပြိုကျမှုတို့အား ဖယ်ရှားရှင်းလင်းဆောင်ရွက်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်စဲချောင်းအတွင်းသို့ သစ်ပင်များပြိုလဲ၍ ရေလမ်းကြောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့မြို့နှင့် ပန်တိန်းကျေးရွာကြားရှိ မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ သစ်ပင်လဲကျမှုနှင့် မြေပြိုကျမှုတို့ ဖြစ်ပွားခဲ့ရာ ယနေ့နံနက် ၃ နာရီမှ စတင်၍ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟွေပိုပီးချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး နေအိမ်လေးလုံး ရေနစ်မြှပ်မှုဖြစ်ပွား

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွေပိုပီးချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး နေအိမ်လေးလုံး ရေနစ်မြှပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း(Mask)များ၊  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့်

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအချင်းချင်း အတွေးအမြင် ဗဟုသုတများ မျှဝေနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club၊ Book Club တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများနေထိုင်သည့် ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းနှင့် လွိုင်ကော်ကက်သလစ်သာသနာ၊ ဧဝံဂေလိစေတမန်/ စေတမန် မူကြို ဗဟိုသင်တန်းကျောင်းတို့သို့ သွားရောက်၍ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဖားဆောင်းမြို့ ရတနာစျာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မြို့သူ၊ မြို့သားများမှ သံသရာဝဋ်ဆင်းရဲမှကင်းလွတ်ရာ၊ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တလျက် ရတနာစျာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကို ယမန်နေ့က ကျင်းပပြုခဲ့သည်။
Subscribe to ကယားပြည်နယ်