လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့ ၁၁ နာရီအချိန်က ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဆရာ / ဆရာ မများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။