ဖားဆောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်/အလယ်တန်းဆင့်ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်/အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲခန့်က ကျင်းပခဲ့ကြောင်းသိရသည်။