မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (ကယားပြည်နယ်) AML/CFT ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အိမ်ခြံမြေအသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(ဗဟို)အဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (ကယားပြည်နယ်)တို့ ပူးပေါင်းကျင်းပသော AML/CFT ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို လွိုင်ကော်မြို့နယ်ခန်းမတွင် ယမန်နေ့နံနက်တွင် ကျင်းပပြုလုပ်ခဲ့သည်။