ကယားပြည်နယ်

သီးနှံများ အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးမှဦးစီးကျင်းပသော သီးနှံများ အရည်အသွေး နှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ခရိုင်စိုက်ပျိုးရေးရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ သင်တန်းဖွင့်ပွဲ ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် “ယခုလို သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံတောင်သူများအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသွားမည့် သင်ခန်းစာများအား စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုကြောင်း၊ မိမိလေ့လာမှတ်သားရသမျှကို မိမိဒေသရှိ စိုက်ပျိုးသီးနှံများအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်စနစ် မှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တောင်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းမှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ မယ်စဲ့ မြို့နယ်တွင် ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၁) နာရီက မယ်ဆည်နမ်ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ဂေဘား ရေဒီယိုအစီအစဉ်(၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ဂေဘားရေဒီယိုအသံလွှင့်အစီအစဉ် (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ပန်တိန်းကျေးရွာ၌ ကျေးရွာလူထုပူးပေါင်းပါဝင်သည့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးဆောင်၍ ကျေးရွာများ သန့်ရှင်းသာယာလှပရေးအတွက် စွန်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက ပန်တိန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမိုးပန်းမွန် (ရာမည)၏ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပသည်။

ဒီးမော့ဆိုမြို့မဈေးတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်လျက်ရှိ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ စသော အထင်ကရနေရာများတွင် နေ့စဉ်နှင့်အမျှ ပြည်တွင်း/ပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လည်ပတ်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်း ထင်ရှားလှသော ဒီးမော့ဆိုမြို့မဈေးသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုတွင် ငွေတောင်ဆည် အပါအဝင် ဆည်ကန်(၈) ခုနှင့် လျှပ်စစ်ရေတင်စနစ်တစ်ခု တို့မှ ပေးဝေသောရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးရန်လျာထား

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးချိန် ဆည်ကန်များမှ ပေးဝေသောရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ ကရာတေးပြိုင်ပွဲ ကျင်းပ

လွိုင်ကော်  ဇန်နဝါရီ  ၁၂

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကရာတေးပြိုင်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ် (၃)၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသား၊ အမျိုးသမီးကစားသမားများ၊ အသက်(၁၀) နှစ်၊ (၁၂) နှစ် ၊  (၁၄) နှစ် အတွက် ကကွက်ပြိုင်ပွဲ ၊ အတိုက်ပြိုင်ပွဲ များကို ထည့်သွင်းကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများကို ဇန်နဝါရီလ ၁၄ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီ အချိန်၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထွန်းလေး

ထီးတပလူးထကျေးရွာတွင်နယ်လှည့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကွင်းဆင်း‌ ဆောင်ရွက်

ရှမ်းရွာသစ်     ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကျောင်းသား/သူများကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာများသိရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးများ အကြောင်းအသိပညာ ဗဟုသုတ ရရှိစေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ထီးတပလူးထကျေးရွာ အ.မ.ကကျောင်းတွင် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲနှင့် အတူအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

Subscribe to ကယားပြည်နယ်