ကယားပြည်နယ်

ထီးတပလူးထကျေးရွာတွင်နယ်လှည့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကွင်းဆင်း‌ ဆောင်ရွက်

ရှမ်းရွာသစ်     ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကျောင်းသား/သူများကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာများသိရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးများ အကြောင်းအသိပညာ ဗဟုသုတ ရရှိစေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ထီးတပလူးထကျေးရွာ အ.မ.ကကျောင်းတွင် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲနှင့် အတူအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပြည်သူများထံ အသိပေးရှင်းလင်း

မယ်စဲ့    ဇန်နဝါရီ    ၁၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀၀၀ ဖြင့် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများထံ အသိပေးရှင်းလင်းခြင်းကို ယမန်နေ့  ည ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်

မယ်စဲ့ ဇန်နဝါရီ  ၁၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် လေဆင်နှာမောင်း  တိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးသွားသည့် အိမ်ရှင် ဦးကာလိုအား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ စတင်ကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၉

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှစ၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ်(၂)နှင့် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး ခန်းမတို့၌ ကျင်းပသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

မယ်စဲ့  ဇန်နဝါရီ   ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ  တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျောက်စု ကျေးရွာ၊ နမ်ပိန်းလင်ကျေးရွာနှင့် မယ်ဆည်နမ်ကျေးရွာတို့၌ ကျင်းပခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

မယ်စဲ့  ဇန်နဝါရီ   ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ  တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျောက်စု ကျေးရွာ၊ နမ်ပိန်းလင်ကျေးရွာနှင့် မယ်ဆည်နမ်ကျေးရွာတို့၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပ

မယ်စဲ့  ဇန်နဝါရီ  ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ် မြို့နယ်  အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး ၊ ဒုတိယမြို့နယ် ပညာရေးမှူးဦးရဲမြင့်၊ အထက(မယ်စဲ့) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြမော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဒေါတမကြီး ကျေးရွာအုပ်စု ဒေါညေးခူကျေးရွာခန်းမဆောင်၌ အခြေခံကွန်ပျူတာသင်တန်း (၄/၂၀၁၉) ဆင်းပွဲ ကျင်းပခဲ့သည်။

ဒီးမော့ဆိုမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။

ဒီးမော့ဆိုမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မှုခင်းအန္တရာယ်နှင့် ပတ်သက်၍ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးအသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက စံပြ (၆) မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

Subscribe to ကယားပြည်နယ်