ကယားပြည်နယ်

ဒီးမော့ဆိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေးစစ်ဆေး

၂၀၂၀ ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ယမန်နေ့ ညနေ ၃ နာရီခွဲက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ညှိနှိုင်းဆွေးနွေး

ပြည်သူထူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်းဖြင့် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ (IRC) ၏ ထောက်ပံ့မှုဖြင့် မြို့နယ်ဆေးရုံ အထောက်အကူပြုအဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက မယ်စဲ့မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်ကော် − ဒီးမော့ဆို လမ်းပိုင်းအား အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်

လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ချင်းဆက်လမ်းအား မူလ (၁၈) ပေ အကျယ်မှ ယခု (၂၄) ပေအထိ အဆင့်မြှင့်တင်တိုးချဲ့ခြင်း၊ လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကွန်ပျူတာက္ကသိုလ်(လွိုင်ကော်)၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ကွန်ပျူတာတက္ကသိုလ် ပင်မသုံးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ငံရိုးကျေးရွာ သာသနာပြုကျောင်း၌ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဒီးမော့ဆိုမြို့နယ် ငံရိုးကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ငံရိုးသာသနာပြုကျောင်း ဒက္ခိဏာရာမ ဓမ္မာရုံအတွင်း၌ ပထမအကြိမ် ကျင်းပပြုလုပ်သော အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

ဒီးမော့ဆိုတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ဖွင့်လှစ်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်မီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအဝေးကို လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအ‌ဝေးကို ယနေ့ နံနက် ၉ နာရီ ခွဲအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးရုံးခန်း၌ ကျင်းပသည်။

လွိုင်ကော်ခရိုင် အာကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ လွိုင်ကော်ခရိုင် အာကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာအုပ်စု၊ ထူဒူငံသကျေးရွာ CR-7 ဖူဆယ်အားကစားကွင်း၌ ပြုလုပ်ကျင်းပသည်။

ဝေးလံခေါင်သီ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့် မုန့်များ လှူဒါန်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့် မုန့်များကို မယ်စဲ့မြို့မကျောင်းတိုက် ဆရာတော်ဦးဩဇေယျနှင့်အဖွဲ့က ယမန်နေ့က အ.မ.က(နမ့်ဟူး)နှင့် မူလွန်(ဟိုဂျစ်)တို့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းထက် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမည့် အလားအလာ ရှိသော တောင်စောင်းစိုက်ပျိုးရေးစနစ်ကို တောင်သူများကိုယ်တိုင် ကျင့်သုံးစိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုလျော့နည်းပပျောက်ရေး ဒေသခံတောင်သူများအား ကွင်းဆင်း အသိပညာ ပေးခြင်းကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကယားပြည်နယ်