(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ
ကယားပြည်နယ် ဘောလခဲခရိုင်ဖားဆောင်း မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့နံနက် ၉နာရီက ကျန်းမာရေးဝန်ထမ်းများမှ မြို့ပေါ်၊ရပ်ကွက်၊ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ၁နှစ်အောက်ကလေးငယ်များအား ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊မေးခိုင်ရောဂါ၊အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ဦးနှောက်အမြှေးရောင်ရောဂါ၊ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ဂျပန်ဦးနှောက်ရောင်ရောဂါ၊ဝက်သက်ရောဂါ၊ကျိုက်သိုးရောဂါနှင့်သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။