လွိုင်ကော်မြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

လွိုင်ကော် ဩဂုတ် ၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၊ အ.ထ.က(၁)၊ အ.ထ.က (၅)နှင့် ပေါက်ပင်ကျောင်းတို့၌ ထိုးနှံပေးလျက်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းတို့အား လွိုင်ကော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)