လွိုင်ကော်၊ ဩဂုတ် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယား ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသည် လွိုင်ကော်မြို့ပေါ်ရှိ ပရိယတိ္တစာသင်တိုက်များသို့ ဆန် ၊ ဆီ နှင့် ပဲများကို ယမန့်နေ့ မွန်းလွဲပိုင်းက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းတို့က လွိုင်ကော် မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များဖြစ်သည့် လင်ဖုံလေး ပရိယတ္တိစာသင်တိုက်၊ ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက် နှင့် သာဝတ္ထိ ပရိယတ္တိစာသင်တိုက်တို့၌ ဆန်၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)