ကယားပြည်နယ်

မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၄ ရက်က ပန်တိန်းကျေးရွာ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၃၁) ဦး ရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၄၀၄၂)ဦးရှိကာ ယနေ့သေဆုံးလူနာ(၂)ဦးရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၄)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၈၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၃၁) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၃၁)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၁) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၅)ဦး၊ ဘောလခဲမြို့ တပ်မတော်ဆေးရုံတွင်(၈)ဦး၊ ဘောလခဲ ဆေးရုံတွင်(၂) ဦးနှင့် brought death (၁)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC) များတွင် (၂)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင် brought death (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC) များတွင် (၈)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၂၆) ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၀၂၀)ဦးရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်သူ( ၁၅၀) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၆)ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၂၆)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၅) ဦး၊ လွိုင်ကော် မြို့နယ်ရှိ (PMC)များ တွင်(၄)ဦး၊ ရွာသစ်တိုက်နယ်ဆေးရုံတွင်(၄)ဦး၊ ဘောလခဲမြို့ တပ်မတော်ဆေးရုတွင်(၁)ဦး၊ ဘောလခဲ မြို့နယ်ရှိ (PMC)များတွင် (၇)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၃)ဦး၊ မယ်စဲ့မြို့နယ် ဆေးရုံတွင်(၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ခဲမဖြူ​ကျေးရွာတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး ​ကျေးရွာအ​ရောက် ကွင်းဆင်း​ ထိုးနှံ​ပေး

ကယားပြည်နယ်၊​ ဘော်ာလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ​​ခဲမဖြူကျေးရွာတွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး တစ်ကြိမ်မျှထိုးနှံရခြင်းမရှိ​သေးသည့်  ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်​ဆေး(ပထမ)အကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအသုတ် ထိုးနှံ​ပြီးသူများအား ဒုတိယအကြိမ် ထိုးနှံ​ပေးခြင်းကို ယ​နေ့နံနက်(၈)နာရီအချိန်က အဆိုပါကျေးရွာ​​ ကျေးလက်​ဆေးပေးခန်း၌   ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၄၀) ဉီးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၃၉၉၄)ဦးရှိကာ ယနေ့သေဆုံးလူနာ(၁)ဦးရှိ

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၂)ဦး ပို့းတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၂)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၀၈) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၃၈) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၄၀)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၁၀) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၃)ဦး၊ ဖရူဆိုမြို့နယ် ဆေးရုံတွင်(၂)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်​ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၁၃)ဦး ၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၂)ဦး ၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၃)ဦး၊ မယ်စဲ့မြို့နယ်ရှိ (_PMC)များတွင် (၅)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး အသိပေး နှိုးဆော်မှုများ ဆောင်ရွက်

ရွာသစ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများပိုမိုသိရှိ လိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာတို့၌ Hand Speaker ဖြင့် အသိပေး နှိုးဆော်မှုကို ယ‌နံနက် ၁၁ နာရီ အချိန်တွင် ဆောင်ရွက်လျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၁၇)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၃၉၆၅)ဦးရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက် ၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၅၀)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၇)ဦးမှာ Positive ဖြစ်ပါသဖြင့် ယမန်နေ့ ပိုးတွေ့ လူနာသစ် (၁၇)ဦးရှိရာ ၎င်းပိုးတွေ့လူနာ များအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၆)ဦး၊ ဘောလခဲ မြို့နယ်ရှိ (PMC)များတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၃)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင် (၂)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၃)ဦး ထားရှိကုသပေးလျက် ရှိကြောင်း သိရှိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၁၇) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၃၉၂၄)ဦးရှိကာ ယနေ့သေဆုံးလူနာ(၅)ဦးရှိ

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၃)ဦး စစ်ဆေးခဲ့ရာ(၃)ဦး ပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၁၉)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၇၆) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၁၄) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၁၇)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၇) ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်​ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၂)ဦး ၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၁)ဦး၊ မယ်စဲ့မြို့နယ်တွင်(၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင်(၂)ဦး ထားရှိကုသပေးလျက်ရှိကြောင်းသိရှိရသည်။
Subscribe to ကယားပြည်နယ်